International News

အနာဂါတ် ခရီးသည်တင် လေယာဉ်သစ် ပုံစံငယ် စမ်းသပ်အောင်မြင်

နယ်သာလန်မှ သုတေသနပညာရှင်များဟာ V ပုံစံရှိ ခရီးသည်တင် လေယာဉ်ပုံစံငယ်ကို အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ဒီ Flying-V လို့အမည်ပေးထားတဲ့ လေယာဉ် ဟာ ယခင် ခရီးသည်တင်လေယာဉ်များထက် ဆီစားသက်သာမှာဖြစ်ပြီး ၎င်း၏တောင်ပံများထဲမှာ ခရီးသည်တွေ၊ ဆီတိုင်ကီနှင့် ကုန်များကို တင်ဆောင်နိုင်မှာပါ။

ကျွမ်းကျင်သူတွေက ၂၂.၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ၃ မီတာရှည်တဲ့ ဒီပုံစံငယ်ကို တစ်နာရီကို ၈၀ ကီလိုမီတာနှုန်းဖြင့် ပျံတက်နိုင်အောင် စီမံနိုင်ခဲ့ပါတယ်စမ်းသပ်မှုများအရ ဒီလေယာဉ်ဟာ “Dutch Roll” လို့ခေါ်တဲ့ ကြမ်းတမ်းတဲ့ ဆင်းသက်မှုကိုဖြစ်စေတဲ့ လေယာဉ်ဦးပိုင်း ခါရမ်းမှုတွေကို ခံနိုင်အောင် ဒီဇိုင်းဆွဲထားတယ်လို့လဲ သိရပါတယ်။သုတေသနအဖွဲ့ဟာ Flying-V ကို ခရီးသည်များဖြင့် တင်ဆောင်စမ်းသပ်နိုင်အောင် ပုံစံငယ်ဖြင့် ပိုမိုစမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒီ အနာဂါတ်လေယာဉ် ဒီဇိုင်းကို ဒတ်ချ် လေကြောင်းလိုင်း KLM နှင့် Delft နည်းပညာတက္ကသိုလ်တို့ရဲ့ တွဲဖက်သုတေသနပညာရှင်များက ဒီဇိုင်းဆွဲနေတာဖြစ်ပါတယ်။ဒီ Flying-V တွေဟာ Airbus A350-900 နှင့်

ခရီးသည် အရေအတွက် အတူတူလောက် သယ်ဆောင်နိုင်မှာဖြစ်ပြီး ဆီစား ၂၀ ရာခိုင်နှုန်း ပိုပြီး သက်သာမှာဖြစ်ပါတယ်။ဒီအနာဂါတ် လေယာဉ်ဒီဇိုင်းဟာ တမူထူးခြားပြီး ခေတ်ရှေ့ကို အရမ်းရောက်နေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့အပြင် အမှန်တကယ် ပျံသန်းနိုင်ဖို့ စမ်းသပ်မှုတွေ အများကြီး လိုနေဦးမှာပါ။အစောပိုင်းမှာ ပြသနာလေးတွေ အနည်းငယ် ရှိနိုင်ပေမယ့် စမ်းသပ်ပျံသန်းမှုတွေကနေ ဖြေရှင်းနိုင်သွားမယ်လို့ မျှော်လင့်ရပါတယ်။ဒီလေယာဉ်ဒီဇိုင်းကို စမ်းသပ်မှုတွေဟာ ၂၀၂၀ စက်တင်ဘာလမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Credit

Unicode