Local News

အမျိုးသားရေး ဆရာတော် ဦးဝီရသူ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံနေရ

အမျိုးသားရေး ဆရာတော် ဦးဝီရသူ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံနေအမျိုးသားရေး ဆရာတော် ဦးဝီရသူသည် လက်မောင်းအကြောကပ်သော ရောဂါဖြင့် မင်္ဂလာဒုံ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံတွင် တက်ရောက် ဆေးကုနေကြောင်း သတင်းရရှိပါသည်။ဦးဝီရသူသည် မေလကတည်းက လက်မောင်းအကြောကပ် ရောဂါဖြင့် အပြင်ဆေးရုံတွင်ကုသခံနေရပြီး နောက်ပိုင်း စစ်ဆေးရုံသို့ တက်ရောက်ကုသခံနေခြင်းဖြစ်ကြောင်း စစ်ဆေးဆရာဝန် အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။နေပြည်တော်ရှိ အကျဥ်းဦးစီးဌာနမှ အရာရှိတဦးကလည်း ဦးဝီရသူ အင်းစိန်ထောင်ထဲရှိမနေပဲ စစ်ဆေးရုံမှာ တက်ရောက်နေတာကို အတည်ပြုပါသည်။ထို့အပြင် ဦးဝီရသူ၏ မွေးနေ့တွင် အမျိုးသားရေး လှုပ်ရှားသူများက မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် သွေးလှူဒါန်းခဲ့ကြသည်ဟု သိရသည်။ဦးဝီရသူသည် ဘူးလတ် အပတ်စဥ်ထုတ် ဂျာနယ်တွင် အဝတ်ဖြူ ဆရာတော် ကလောင်ဖြင့် အမျိုးသားရေးနှင့် စစ်တပ်၏ လုပ်ရပ်များကို ထောက်ခံသည့် ဆောင်းပါးများ ဆက်လက်ရေးသားနေလျှက်ရှိကြောင်းလည်း သိရပါသည်။

Credit

Unicode