Knowledge
မိန်းကလေး တိုင်း မဖြစ်မနေ ဖတ်၊ မှတ်ပါ စကား လက်ဆောင်
unicode
မေတ္တာစကား လက်ဆောင်သမီးလေးရယ် သမီးလေးဟာ အပျိုလေးဆိုတာ သတိထားစေချင်တယ်။ ခုလို Facebook ပေါ်မှာ မိမိနဲ့ လက်မထပ်ရသေးတဲ့ ယောက်ျားလေးတစ်ယောက်ကို လွမ်းတဲ့ အကြောင်းတွေခဏခဏမရေးစေချင်ဘူး။အထူးသဖြင့် လက်မထပ်ရသေးတဲ့သူစိမ်းယောက်ျားတစ်ယောက်နဲ့ အတူဓာတ်ပုံရိုက်ပြီး တွဲတင်တာကိုတွေ့ရတော့အမေ စိတ်မကောင်းဖြစ်မိတယ်သမီးလေးရယ်။သမီးလေးရဲ့ အကောင့်ထဲမှာ အမေနဲ့ သူငယ်ချင်းဖြစ်နေတယ်ဆိုတာ သမီးလေး မသိဘူးမို့လား?ဒီမယ်သမီးလေးချစ်တာနဲ့ ကြိုက်တာဟာ အဓိပ္ပါယ်အများကြီးကွဲပါတယ်။ချစ်တယ်ဆိုတာလူလူအချင်းချင်း တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် ချစ်ခြင်းလို့ အဓိပ္ပါယ်ရပြီးကြိုက်တယ်ဆိုတာလူတစ်ယောက်ဟာ၊
ရုပ်ဝတ္ထုပစ္စည်း တစ်ခုကိုသဘောကြလို့ ကြိုက်ခြင်းလို့ အဓိပ္ပါယ်ဆောင်တယ်သမီး။အေး ဒါကြောင့် သမီးလေးရဲ့ ဘဝအတွက် အသုံးမဝင်တဲ့အပြင် သမီးလေးရဲ့ဘဝကို ဖျက်စီးမဲ့ ရုပ်ဝတ္ထုနဲ့တူတဲ့ယောက်ျားမျိုးကို ရွေးချယ်မိမှာကိုတော့အမေစိတ်ပူမိပါတယ်။ဒီမယ်သမီးလမိန်းကလေးတစ်ယောက်ရည်းစားထားပြီး ယောက်ျားလေးတစ်ယောက်ကိုချစ်တယ်လို့၊
အဖြေပေးလိုက်တဲ့နေ့ဟာ သမီးလေးရဲ့ဘဝတစ်ဝက်ကို ဒီယောက်ျားရဲ့ လက်ထဲအပ်လိုက်တာနဲ့အတူတူပါပဲ။ဒီမယ်သမီးလေးလောကမှာ သူ့နေရာ သူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ဖိနပ်မှာလည်း ဖိနပ်ဂုဏ်ရှိသလိုထီးမှာ လည်း ထီးတစ်လက်ရဲ့ ဂုဏ်ရှိပြီးသားပါ။ဖိနပ်တစ်စုံဟာ ခရီးသွားတဲ့အခါမှာ အသုံးဝင်သလို ထီးတစ်ချောင်းဟာလည်းမိုးရွာတဲ့အခါမှာ နေပူတဲ့အခါမှာ အသုံးဝင်ပါတယ်။အေးဒါပေမဲ့ ထီးတစ်ချောင်းဟာခြေနင်းဖက်မှာရောက်နေရင်တန်ဖိုးမဲ့သလို ဖိနပ်တစ်စုံဟာ ခေါင်းရင်းမှာ ချိတ်ထားလို့မဖြစ်ပါဘူး သမီးလေး။
ထို့အတူပါပဲ သနပ်ခါးလေးတွေဟာလူတစ်ယောက်ရဲ့ ပါးပြင်မှာ လိမ်းထားလိုက်ရင် ချစ်ရာကောင်းပေမဲ့ဖြူစင်သန့်ရှင်းတဲ့ အဝတ်ထည်ပေါ်ပေသွားရင် ရွံစရာဖြစ်သွားသလိုဆံပင်လေးတွေဟာ လူတစ်ယောက်ရဲ့ ဦးခေါင်းပေါ်မှာ ရှိနေရင် တင်တယ်လှပပေမဲ့ ထမင်းခွက် ဟင်းခွက် ကော်ဖီခွက် စတဲ့ ခွက်တွေထဲကြသွားမယ်ဆိုရင်ရွံစရာဖြစ်သွားတယ်မဟုတ်လားသမီးလေး။အေး ဒါကြောင့် သမီးလေးကို အမေပြောချင်က မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ချစ်သူကိုပဲရှာရှာ ဘဝလက်တွဲဖော်ကိုပဲရှာရှာ မိမိအနေနဲ့ လူမှန်နေရာမှန် အရွေးမှန်ဖို အရမ်းအရေးကြီးပါတယ်။
ဘာလို့လည်းဆိုတော့ မိန်းမတစ်ယောက်ရဲ့ဘဝကို ယောက်ျားတစ်ယောက်ဟာပျော်ရွှင်မှုများစွာ ပေးနိူင်သလိုမိမိရဲ့ ဘဝတစ်လျှောက်လုံးကို စိတ်ဒုက္ခစိတ်သောကနဲ့ ဘဝပူလောမှုတွေများစွာ ပေးနိူင်တဲ့ ယောက်ျားတွေလည်း လောကမှ ရှိနေတတ်လို့ပါ။ဟုတ်ကဲ့ပါ ခုလို သင်ပြဆုံးမပေးတဲ့ အမေကို အရမ်းကျေးဇူးတင်မိပါတယ်။ သမီးနောက်ဆို သတိထားပြီးနေထိုင်ပါမယ်။”လောကထဲရှိ သမီးမိန်းကလေးများအားလုံး မျှသသော ချနဲ့ခင်းမေတ္တာတွေနဲ့အတူ ငြိမ်းချမ်းသာယာသောမိသားစု ဘဝလေးများကို ထာဝရတည်ဆောက်နိူင်ကြပါစေ။
Credit ငြိမ်းနိုင်