Local News

ပန်းရောင်းနေစဥ် စာတွေကိုပါလေ့လာပြီး ပင်ပန်းလွန်းကာ အိပ်မောကျသွားတဲ့ ကောင်လေးငယ်

မကြာသေးမီက ကောင်လေးတစ်ယောက်ဟာ ကျောင်းဆင်းပြီး ပန်းရောင်းရန် ဘုရားကျောင်းအနီးမှာထိုင်ပြီး အိပ်မောကျနေတာကိုSha Lim Pua အမည်ရှိ အမျိုးသမီးက မြင်ပြီး ဓာတ်ပုံရိုက်ကာ သူမရဲ့ Facebook အကောင့်မှာ ဝေမျှလာခဲ့ပါတယ် ။

ကလေးငယ်ဟာ စင်စစ်အားဖြင့် ချီးကျူးထိုက်တာကို netizens တော်တော်များများက Sha နဲ့ သဘောတူကြပါတယ် ။ ကောင်လေးဟာ သူ့မိဘတွေအတွက် အပိုဝင်ငွေရရှိစေရန် ပန်းရောင်းချပြီး ကူညီပေးနေတာပ် ။

ကောင်လေးက ပန်းရောင်းနေစဉ်မှာလည်း သူ့စာတွေကို လေ့လာရန် အချိန်ရှာခဲ့ပါတယ် ။ ဒီကောင်လေးဟာ ကျောင်းမှာ အဆင့်ကောင်းရဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ရှင်းနေပါတယ် ။

ကျောင်းသားအများစုက သူတို့လိုချင်တဲ့ ‌ကျောပိုးအိတ်တွေ ၊ ဖိနပ်တွေ ၊ မှတ်စုစာအုပ်တွေ စတဲ့ များစွာသောအရာတွေကို လိုချင်ပြီး မိဘတွေကို ပူဆာနေကြပါတယ် ။ ဒါပေမဲ့ ဒီကလေးငယ်ဟာ မိဘတွေကို ပူဆာနေမဲ့အစား ငွေတွေရှာကူရန်ပင် ကြိုးစားနေတာကို မြင်တွေ့လိုက်ရတော့ လေးစားမိပါတယ် ။

ကလေးငယ်က တစ်စုံတစ်ယောက်ထံ (သို့) အခြားငွေကြေးအထောက်အပံ့များမှ ပညာသင်ဆုရရန် နဲ့ နေ့တိုင်း ပန်းရောင်းစရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင်ကစားနေနိုင်ရန် Sha နဲ့ အတူ လူများစွာက မျှော်လင့်နေကြပါတယ် ။

JRose (kbdailynews)

Reference : rachfeed

Credit

Zawgyi