Local News

နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပေါင်းစုံပါဝင်လာမှာလား တိုင်းရင်းသားအရေး NLD တွန့်ဆုတ်ခဲ့သမျှ NUG အနေနဲ့ ဦးစားပေးလုပ်ဆောင်ဖို့ အရေးကြီး

ဇွန်လ (၁) ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မွန်ပြည်နယ်ထဲက တံတားအမည်ပြောင်းလဲခြင်း အခမ်းအနားတခုကို တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံရဲ့ လူမျိုးကြီးတခုဖြစ်တဲ့ မွန်လူမျိုးတွေ အဓိကနေထိုင်ရာ ဖြစ်ပါတယ်။ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေမှာ ဆယ်စုနှစ်တွေနဲ့ ချီအောင် ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့တာပါ။ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေး အခွင့်အရေးတွေ ပိုမို ရရှိဖို့ လက်နက်ကိုင် တောင်းဆိုနေကြသလို တပ်မတော်ဆိုတဲ့ မြန်မာစစ်တပ်ကလည်း အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်

တောက်လျှောက် ဖိနှိပ်ဖို့ ကြိုးစားခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ မင်းအောင်လှိုင်ဟာ သူ မတရား ဖြုတ်ချခဲ့တဲ့ အစိုးရရဲ့ အားနည်းချက်ကို လူသိထင်ရှား ဝေဖန်ပြစ်တင်ခွင့် ရလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရဟာ ဒေသခံ မွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို လျစ်လျူရှုပြီး သူ့ဖခင်ရဲ့ နာမည်အတိုင်း အဲဒီတံတားကို အမည်ပေးခဲ့တာလို့ သူက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင် သူက စစ်အစိုးရသည်သာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်လို့ ပြောလိုက်ပါသေးတယ်။

တကယ်လက်တွေ့မှာ စစ်တပ်သည်သာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် အကြီးမားဆုံး အဆီးအတားကြီး ဖြစ်နေဆဲပါ။

ဒါပေမယ့် အာဏာရခဲ့တဲ့ ငါးနှစ်တာကာလအတွင်း NLD အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးဆိုတာကိုတော့

ထင်ထင်ရှားရှားကြီး မြင်တွေ့ရပါတယ်။ ဒီအားနည်းချက်ကြီးက လက်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် အကြီးအကျယ် ထိုးနှက်လာနိုင်ပါတယ်။စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်လာကြရပါတယ်။

လိုအပ်တဲ့ လက်နက်နဲ့ စစ်ပညာတွေ မရှိတဲ့ သူတို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီပဲ ဦးတည်သွားကြရပါတယ်။

ဘုံရန်သူကို တညီတညွတ်တည်း တွန်းလှန်ကြမယ်ဆိုတဲ့ စိတ်အားတတ်ကြွမှုနဲ့ သွားခဲ့ကြတဲ့ သူတို့ဟာ တိုင်းရင်းသားလူနည်းစုတွေအပေါ် NLD အစိုးရရဲ့ ပြုမူဆက်ဆံပုံကြောင့် တွန့်ဆုတ်နေတဲ့ အင်အားစုတွေကိုသာ တွေ့လိုက်ရပါတယ်။အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ကနေ လက်နက်ကိုင်တော်လှန်ရေးအသွင်ပြောင်းသွားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသာ ပူးပေါင်းပါဝင်လိုက်မယ်ဆိုရင်

အဆမတန် အင်အားကောင်းသွားမှာ ဖြစ်ပေမယ့် အဲဒီလက်နက်ကိုင်အဖွဲ့ကြီးတွေဟာ ဘေးထွက်ထိုင်နေဆဲပါ။လက်ဆယ်ချောင်းမကတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီငယ်တွေနဲ့

နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိထားကြပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအပေါ် သက်ရောက်မှု ကြီးမားနိုင်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုလို့ KIA၊ KNU၊ RCSS နဲ့ AA တို့ကိုသာ စာရင်းသွင်းရပါမယ်။AA နဲ့ RCSS တို့ဆိုရင် သက်ဆိုင်ရာ လူမျိုးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအပေါ် ဩဇာအလွန်ကြီးကြပါတယ်။(ဒီနေရာမှာ “o”တပ်ဖွဲ့က အင်အားအတောင့်တင်းဆုံးဖြစ်ပေမယ့် စာရင်းထဲကနေ ထုတ်ထားချင်ပါတယ်။

တရုတ်နယ်စပ်မှာ နှစ်ပေါင်း (၃၀) နီးပါး ကိုယ်ပိုင်လွတ်လပ်ခွင့် ပိုင်ဆိုင်လာတဲ့ “ဝ”တပ်ဖွဲ့ဟာ မြန်မာနိုင်ငံတွင်းက ကိစ္စတွေအပေါ် စိတ်ဝင်စားမှု မရှိတော့ပါဘူး။)

(၂၀၁၅) ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရပြီး ဆယ်စုနှစ်တွေနဲ့ ချီလာတဲ့ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အရပ်သားအစိုးရဟာ တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆန္ဒကို အလေးပေးပြီး တိုင်းရင်းသားတွေနဲ့ ပဋိပက္ခအပေါ် အဖြေရှာနိုင်လိမ့်မယ်လို့ ပြည်တွင်းပြည်ပက မျှော်လင့်ချက်ထားခဲ့ကြပါတယ်။

ဒါပေမယ့် တိုင်းရင်းသားတွေဘက်က တတ်ကြွစွာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ ဒီပဋိပက္ခတွေကို ဖြေရှင်းမယ်ဆိုတာကို အစတည်းက သံသယရှိသူတချို့တော့ ရှိခဲ့ကြပါတယ်။ NLD အစိုးရကပဲ ဒီစိုးရိမ်မှုတွေ၊

သံသယတွေက အမှန်တကယ် လက်တွေ့အခြေအနေ ဖြစ်ကြောင်း သက်သေထူလိုက်ပြီး အစိုးရနဲ့ တိုင်းရင်းသား ပါတီတွေ၊ လက်နက်ကိုင်တွေကြား ဆက်ဆံရေးက ပျက်စီးလာခဲ့ပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းမှုအပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေက ဒီအချက်ကို ကောင်းကောင်း သင်ခန်းစာယူနိုင်ခဲ့ပုံ ရပါတယ်။NUG အစိုးရဟာ NLD အစိုးရထက် ပိုပြီး အားလုံး ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးစားခဲ့ပါတယ်။NLD ပါတီဝင်အများစုနဲ့ အခြေပြုဖွဲ့စည်းထားခဲ့တာ ဆိုပေမယ့် ပါတီအပြင်ဘက်က တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တွေလည်း ပါဝင်စေခဲ့ပါတယ်။ဒါပေမယ့် ဒီလိုမျိုး ပျူငှါနွေးထွေးမှုက တချို့အတွက်တော့ နောက်ကျသွားခဲ့ပါပြီ။ ရလဒ်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အဓိကမဟာမိတ်အချို့ မပါဘဲ ဖြစ်နေရပါတယ်။

(၂၀၂၀) ရွေးကောက်ပွဲမှာ NLD ပါတီပဲ အလွယ်တကူ အနိုင်ရခဲ့ကြတဲ့ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ KIA နဲ့ KNU တို့က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ မဆိုင်းမတွ ပါဝင်ခဲ့ကြပါတယ်။စစ်တပ်ကို တိုက်ခိုက်ခဲ့ကြရုံသာမက တခြားဒေသက လာတဲ့ အရပ်သားပြည်သူတွေကို သင်တန်းပေးတာမျိုးတွေအထိ ကူညီပေးခဲ့ပါတယ်။တချိန်တည်းမှာပဲ NUG က ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းဖို့ ဦးတည်ချက်နဲ့ PDF ကို အစပျိုးခဲ့ပါတယ်။ ဒါပေမယ့် PDF မှာ ဗဟိုအမိန့်ပေးစနစ် မရှိသေးဘဲ နိုင်ငံနေရာအဝှမ်း သူ့ဒေသနဲ့သူ လှုပ်ရှားဆောင်ရွက်နေကြဆဲပါ။

PDF ဟာ စစ်တပ်နဲ့ မြို့ပြပြောက်ကျားတိုက်ပွဲတွေ ဆင်နွှဲလျက်ရှိသလို KIA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာမျိုးတွေလည်း ပြုလုပ်နိုင်နေပါတယ်။ဒါပေမယ့် တခြားအင်အားကြီး လက်နက်ကိုင်တွေ ဖြစ်ကြတဲ့ AA နဲ့ RCSS တို့ကတော့

စစ်အာဏာသိမ်းမှုကို ရှုတ်ချပေမယ့် ဘာမှ ဝင်မပါဘဲ ဘေးထွက်ထိုင်နေဆဲပါ။ သူတို့နှစ်ဖွဲ့စလုံးဟာ NLD အပေါ် ထောက်ခံမှုနည်းတဲ့ ဒေသတွေမှာ အခြေစိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို လိုလားသူတွေ ဖြစ်ကြပါတယ်။ဒါ့အပြင် NLD ရဲ့ အာဏာရ ငါးနှစ်သက်တမ်းအတွင်း တပ်မတော်နဲ့ နီးနီးကပ်ကပ် ပတ်သက်မှုတွေအပေါ် အခုချိန်ထိ စိတ်မချမ်းမြေ့နိုင်ကြသူတွေလည်း ဖြစ်ပါတယ်။

NLD ပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေ၊ လူနည်းစုပါတီတွေရဲ့ ကြားက ပြဿနာဟာ (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲ အပြီးမှာပဲ စတင် ပေါ်ပေါက်ခဲ့ပါတယ်။ NLD ပါတီဟာ သူတို့ရဲ့ ကာလရှည်ကြာ

မဟာမိတ်ဖြစ်တဲ့ SNLD ကိုယ်စားလှယ်ကို တောင်းဆိုထားတဲ့ ရာထူးတာဝန် ပေးအပ်ဖို့ ငြင်းပယ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်သာ ခန့်အပ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကို SNLD ဘက်က လုံးဝ လက်မခံဘဲအတိအလင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။တိုင်းရင်းသားရေးရာ ကိစ္စတွေအပေါ် NLD ရဲ့ အဆုံးအဖြတ်ကို စစ်တပ်က ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ကောလဟာလတွေ ကြားခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရရဲ့ ဆုံးဖြတ်ချက်တွေက တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကို ပျက်စီးစေခဲ့တာကိုတော့ မငြင်းနိုင်ပါဘူး။(၂၀၁၉) ခုနှစ်အတွင်း တိုင်းရင်းသားပြည်နယ်တွေမှာ ဒေသခံတွေရဲ့ သဘောတူညီချက် မရှိဘဲ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ စိုက်ထူခဲ့ခြင်းကြောင့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။အစိုးရရဲ့ ဒီလိုအပြုအမူတွေကို တိုင်းရင်းသား လူနည်းစုတွေဘက်က ခေတ်သစ်ကိုလိုနီချဲ့ထွင်ခြင်းလို့ အမြင်ရှိလာကြပါတယ်။မွန်ပြည်နယ်ထဲက တံတားတခုကို ဒေသခံတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အမည်ပြောင်းခဲ့တဲ့ ရလဒ်အနေနဲ့ အဲဒီမြို့နယ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ ရှုံးနိမ့်သွားခဲ့ပါတယ်။

သက်ဆိုင်ရာ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ဖို့ အဲဒီတိုင်း/ပြည်နယ်မှာ အနိုင်ရရှိတဲ့ ပါတီရဲ့ အဆုံးအဖြတ် ဖြစ်စေမယ်ဆိုတဲ့ တင်သွင်းမှုကိုလည်း NLD အစိုးရက (၂၀၂၀) ခုနှစ်အတွင်း ပယ်ချခဲ့ပါတယ်။

လူနည်းစုတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး NLD အစိုးရရဲ့ စွမ်းဆောင်ရည်ကို ရခိုင်ဒေသအရေးမှာ အမြင်သာဆုံး ဖြစ်ခဲ့ပါတယ်။(၂၀၁၇) ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ဆင်နွှဲခဲ့တဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ၊(၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ခုနှစ်အတွင်း AA အပေါ် ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကို အစိုးရကလည်း ထောက်ပံ့ကူညီခဲ့တာပါ။ရိုဟင်ဂျာအရေးကြောင့် NLD ရဲ့ နိုင်ငံတကာပုံရိပ်က အစွန်းအထင်း ဖြစ်သွားခဲ့ရပြီး အနောက်အုပ်စုရဲ့ ထောက်ခံမှုကို ဆုံးရှုံးလိုက်ရပါတယ်။

AA နဲ့ ပဋိပက္ခကြောင့် ဒေသခံရခိုင်တွေကြားမှာ ထောက်ခံမှု ကျဆင်းသွားခဲ့ပြီး ရခိုင်လူမျိုးအများစုက NLD နဲ့ စစ်တပ်ကို တသားတည်းလို့ ရှုမြင်သွားခဲ့ကြပါတယ်။

NLD အစိုးရဟာ အာဏာရသက်တမ်းအတွင်း တိုင်းရင်းသားတွေရဲ့ နစ်နာမှုကို လျစ်လျူရှုပြီး ပါတီရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေအတွက်သာ ဦးစားပေးခဲ့တယ်လို့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေက ယူဆလာခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်း ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက်မှုမျိုးစုံကို ရခိုင်ပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက် ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုအပေါ် အစိုးရက အကာအကွယ်ပေးခဲ့ပြီး ဒီလိုဖြတ်တောက်ထားခြင်းအားဖြင့် ပြည်သူတွေကို ကာကွယ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူအားလုံးက စစ်တပ်ကသာ ပြည်သူအတွက် အန္တရာယ်ဆိုတာကို လက်ခံသဘောတူခဲ့ကြတာပါ။ရိုဟင်ဂျာအရေးမှာ စစ်တပ်အပေါ် အစိုးရရဲ့ ကာကွယ်ပေးမှုကြောင့် ရခိုင်ဒေသခံတွေဟာ အစိုးရနဲ့ စစ်တပ်ကို တသားတည်းလို့ ရှုမြင်လာခဲ့ကြပါတယ်။

ဒါ့အပြင် (၂၀၂၀) ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လုံခြုံရေးကို အကြောင်းပြပြီး ရခိုင်ပြည်နယ်တွင်းက မဲဆန္ဒနယ်အများစုမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးကာလတွေ ရောက်လာချိန်မှာလည်း အစားထိုးရွေးကောက်ပွဲတွေ ပြုလုပ်ပေးဖို့ ပျက်ကွက်နေပြန်ပါတယ်။ရွေးကောက်ပွဲမတိုင်မီအချိန်တိုလေးအတွင်းမှာ NLD ကိုယ်စားလှယ်လောင်း သုံးဦးကိုAA က ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ နိုင်ငံရေးအကျိုးအမြတ် ရှိဖို့အတွက် စစ်တပ်ကို ထောက်ခံမှု ပေးခဲ့တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။အာဏာသိမ်းမှုအပြီးမှာ AA က ကိုယ်ပိုင်လမ်းစဉ်ကိုသာ လိုက်သွားခဲ့ပြီး

စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲလိုက်ပါတယ်။အဲဒီနောက်မှာ နိုင်ငံရေးသမားတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အပေါ် သူတို့ရဲ့ ဩဇာအာဏာကို ချဲ့ထွင်လာခဲ့ပါတယ်။

“တချိန်တုန်းက စည်းလုံးနေခဲ့ကြတဲ့ ကျနော်တို့ရဲ့ ရန်သူတွေဟာ အခုတော့ တဦးနဲ့တဦး အပြန်အလှန် တိုက်ခိုက်နေကြပြီ။ကျနော်တို့ကို သူတို့ဘက် ပါဖို့ နှစ်ဖက်စလုံးက အလိုရှိနေကြတယ်။”လို့ AA စစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း RCSS က သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကိုသာ အာရုံစိုက်လုပ်ဆောင်နေပြီး စစ်တပ်ထက် ဒေသတွင်း ရှမ်းလက်နက်ကိုင် ပြိုင်ဘက်တွေကိုသာ ဦးတည်တိုက်ခိုက်လျက် ရှိပါတယ်။ဒီလိုအခြေအနေတွေကြောင့် NUG အစိုးရဟာ အရင် NLD အစိုးရတုန်းကထက် သိသိသာသာ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပြနေတယ်ဆိုပေမယ့် တချို့အဖွဲ့အစည်းတွေကိုတော့ မဟာမိတ်အဖြစ် မစည်းရုံးနိုင်သေးပါဘူး။

NUG မှာ ရခိုင်နဲ့ ရှမ်း ကိုယ်စားလှယ်တွေ မပါဝင်နိုင်သေးပါဘူး။AA ဘက်က အတိအလင်း ငြင်းဆန်ခဲ့သလို RCSS ကလည်း အလားတူ ဖြစ်ပုံရပါတယ်။ တချို့တိုင်းရင်းသားပါတီတွေက စစ်တပ်နဲ့တောင် ပူးပေါင်းသွားကြပါသေးတယ်။

တချိန်တည်းမှာ KIA ၊ KNU နဲ့ NUG ကြား မဟာမိတ်မှာလည်း တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် NUG ကာကွယ်ရေးဝန်ကြီးက ဖက်ဒရယ်တပ်မတော်အတွက် အမိန့်ပေးစနစ်ကို အကြမ်းဖျင်း ချမှတ်ရာမှာ

နယ်မြေဒေသမရွေး လက်နက်ကိုင်အားလုံးကို အစိုးရရဲ့ လက်အောက်မှာ ထားရှိရမယ်လို့ အဆိုပြုထားပါတယ်။ ဒါက ကချင်ပြည်နယ်ထဲမှာ KIA ကို ဖယ်ထုတ်ထားတဲ့ သဘောသက်ရောက်သွားရပါတယ်။ KNU အတွင်းမှာလည်းဩဇာရှိ ခေါင်းဆောင်အချို့က စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ သဘောထားထုတ်ပြန်ထားကြပါတယ်။NLD အစိုးရ အာဏာရှိစဉ်တုန်းက ဆောင်ရွက်ခဲ့တဲ့ သွေးစည်းညီညွတ်ရေးနည်းလမ်းတွေက

တကယ်တော့ သွေးစည်းညီညတ်ရေးအတွက် မဟုတ်ခဲ့ပါဘူး။ တိုင်းရင်းသားတွေကို လက်အောက်ခံအဖြစ် သွတ်သွင်းနိုင်ဖို့ တောင်းဆိုချက်တွေသာ ဖြစ်နေရပါတယ်။တကယ်လို့များ NLD သာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊

မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒီထက် ပိုပြီး ဆက်ဆံရေး ကောင်းမွန်ခဲ့မယ်ဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေးက လက်ရှိနဲ့ လုံးဝ မတူညီဘဲ ကွဲပြားခြားနားနေပါလိမ့်မယ်။

အရပ်သားအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အာဏာသိမ်းဖို့ အကြံအစည်တောင် တွန့်ဆုတ်သွားနိုင်ပါသေးတယ်။ဒါကြောင့် NUG အစိုးရအနေနဲ့ လက်ရှိ ရရှိထားတဲ့ တိုးတက်မှုတွေအပေါ်မှာ ဂရုတစိုက် ဆက်လက် တည်ဆောက်သွားဖို့ လိုအပ်ပြီး တိုင်းရင်းသားလူနည်းစုအရေးနဲ့ ပတ်သက်လာရင် NLD တွန့်ဆုတ်ခဲ့သမျှကို

ဦးစားပေးလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် စစ်အင်အားလည်း မရှိ၊ မဟာမိတ်လည်း မရှိတော့ဘဲ လက်ဗလာဖြစ်သွားရမှာမို့ပါ။

Credit

Unicode