Local News

တစ်တော့ ချဲလ်လန့် တစ်ခုကြောင့်ကလေးငယ်တစ်ဦးမတော်တဆဖြစ်ပြီးသေဆုံး

ကမ္ဘာအနှံ့အပြားရှိမြီးကောင်ပေါက်များနှင့်လူငယ်တို့ကြားရေပန်းစားသောTikTok လူမှုကွန်ယက်ပေါ်မှChallenge တစ်ခုကြောင့်ဇန်နဝါရီလ(၂၁ရက်၊ကြာသပတေးနေ့ကအီတလီနိုင်ငံ၊Palermo မြို့၌အသက်(၁၀နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရလေသည်။

သေဆုံးသူမိန်းကလေးသည်TikTok လူမှုကွန်ယက်တွင်ရေပန်းစားနေသောBlackout Challenge ဟုခေါ်သည့်မိမိကိုယ်ကိုယ်အသက်ရှုမွန်းကြပ်အောင်ပြုလုပ်၍သတိလစ်သွားအောင်လုပ်သည့်ကစားနည်းတစ်ခုကိုဆော့ကစားခဲ့ခြင်းဖြစ်သည်။သေဆုံးသူသည်ကိုယ့်လည်ပင်းကိုယ်ခါးပတ်ကြိုးကွင်းဖြင့်ရစ်ပတ်၍သတိလစ်သည်အထိလည်ပင်းညှစ်ခဲ့ခြင်းဖြစ်ပြီး၊

ငါးနှစ်သမီးအရွယ်ညီမဖြစ်သူကသူ့အားရေချိုးခန်းထဲတွင်ဖုန်းနှင့်တကွတွေ့ရှိခဲ့ခြင်းဖြစ်သည်။ဆေးရုံရောက်သည့်အခါသူ၏နှလုံးမှာရပ်တန့်နေပြီဖြစ်သည်။သူ့အားကယ်တင်နိုင်ရန်Palermo မြို့ဆေးရုံမှဆရာဝန်များကအစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်းအဖတ်ဆယ်၍မရနိုင်တော့ဘဲဦးနှောက်သေဆုံးသွားခဲ့လေသည်။

ဦးနှောက်သေဆုံးသွားသည့်လူနာတို့သည်အသက်ရှုခြင်း၊နှလုံးခုန်ခြင်းတို့ကဲ့သို့လုပ်ငန်းများကိုသာမန်သတိလစ်မေ့မြောလူနာများတွင်လိုအလိုအလျောက်မဆောင်ရွက်နိုင်တော့ပေ။စက်ကိရိယာများ၏အကူအညီဖြင့်သာအသက်ဆက်နိုင်တော့သည်။သို့သော်ဦးနှောက်သေဆုံးခြင်း၏ဆိုးရွားသည့်အချက်မှာထိုသို့စက်ကိရိယာများအကူအညီဖြင့်အသက်ဆက်နိုင်သော်လည်းပြန်လည်ကောင်းမွန်လာနိုင်ခြင်းလုံးဝမရှိတော့ပေ။

ထို့ကြောင့်ဦးနှောက်သေဆုံးသွားသူကိုသေလူအဖြစ်အမေရိကန်နိုင်ငံတွင်တရားဝင်သတ်မှတ်ထားသည်။သေဆုံးသူမိန်းကလေးကိုထိုသို့သောကစားနည်းတွင်ပါဝင်ဆော့ကစားဖို့အားပေးအားမြှောက်ပြုသည့်မည်သို့သောဗီဒီယိုများကိုမျှမတွေ့ရှိရကြောင်းTikTok ဘက်ကပြောကြားသွားခဲ့သည်။

သို့သော်မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ရန်စေ့ဆော်မှုဖြစ်စေနိုင်လောက်သည်များရှိမရှိကိုစုံစမ်းစစ်ဆေးနိုင်ရန်အာဏာပိုင်များကိုကူညီပေးလျက်ရှိသည်။အီတလီအစိုးရရှေ့နေများသည်ထိုဖြစ်စဉ်အတွက်အမှုဖွင့်စစ်ဆေးနေပြီးအာဏာပိုင်များကလည်းအသက်အရွယ်အတိအကျကိုအတည်မပြုနိုင်သည့်အသုံးပြုသူတို့ကိုTikTok ထဲသို့ဝင်ရောက်ကြည့်ရှုခွင့်အား၊

ဖေဖော်ဝါရီ(၁၅ရက်နေ့အထိယာယီပိတ်သိမ်းလိုက်လေသည်။ကျွန်တော်တို့ဘာမှမသိခဲ့ပါဘူးဟူ၍သေသူ၏မိဘများကLa Repubblica သတင်းစာကိုပြောကြားခဲ့သည်။သေသူ၏ညီမဖြစ်သူငါးနှစ်သမီးအရွယ်ကလေးကသတိလစ်တဲ့ကစားနည်းကစားတာဟုရှင်းပြမှသိခဲ့ရသည်ဟုဆိုသည်။သူတို့ကသမီးဒါမျိုးကစားနေတာကျွန်တော်တို့မသိခဲ့ပါဘူး။

အကတွေ၊ဗီဒီယိုတွေကြည့်ဖို့TikTok သုံးတယ်လို့ပဲသိခဲ့တာပါ။ဒီလောက်ယုတ်မာရက်စက်တဲ့လုပ်ရပ်မျိုးဘယ်လိုလုပ်ပြီးစိတ်ကူးမိမှာလဲဗျာ ဟူ၍ပြောကြားသွားခဲ့လေသည်။သေဆုံးသွားသောသမီးဖြစ်သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလှူဒါန်းရန်မိဘများကသဘောတူခဲ့သည်ဟုသိရှိရသည်။အီတလီနိုင်ငံကလေးသူငယ်ကာကွယ်ရေးကော်မရှင်၏ဥက္ကဋ္ဌဖြစ်သူLicia Ronzulliကလူမှုကွန်ယက်တွေဟာအကုန်လုံးကိုခွင့်ပြုထားတဲ့တောနက်ကြီးလိုဖြစ်လာလို့မရဘူး” ဟူ၍ပြောသွားခဲ့သည်။

Credit ငြိမ်းနိုင်

Zawgyi

ကမ္ဘာအနှံ့အပြားရှိမြီးကောင်ပေါက်များနှင့်လူငယ်တို့ကြားရေပန်းစားသောTikTok လူမှုကွန်ယက်ပေါ်မှChallenge တစ်ခုကြောင့်ဇန်နဝါရီလ(၂၁) ရက်၊ကြာသပတေးနေ့ကအီတလီနိုင်ငံ၊Palermo မြို့၌အသက်(၁၀) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရလေသည်။သေဆုံးသူမိန်းကလေးသည်TikTok လူမှုကွန်ယက်တွင်ရေပန်းစားနေသော၊

Blackout Challenge ဟုခေါ်သည့်မိမိကိုယ်ကိုယ်အသက်ရှုမွန်းကြပ်အောင်ပြုလုပ်၍သတိလစ်သွားအောင်လုပ်သည့်ကစားနည်းတစ်ခုကိုဆော့ကစားခဲ့ခြင်းဖြစ်သည်။သေဆုံးသူသည်ကိုယ့်လည်ပင်းကိုယ်ခါးပတ်ကြိုးကွင်းဖြင့်ရစ်ပတ်၍သတိလစ်သည်အထိလည်ပင်းညှစ်ခဲ့ခြင်းဖြစ်ပြီးငါးနှစ်သမီးအရွယ်ညီမဖြစ်သူကသူ့အားရေချိုးခန်းထဲတွင်ဖုန်းနှင့်တကွတွေ့ရှိခဲ့ခြင်းဖြစ်သည်။ဆေးရုံရောက်သည့်အခါသူ၏နှလုံးမှာရပ်တန့်နေပြီဖြစ်သည်။သူ့အားကယ်တင်နိုင်ရန်Palermo မြို့ဆေးရုံမှဆရာဝန်များကအစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်းအဖတ်ဆယ်၍မရနိုင်တော့ဘဲဦးနှောက်သေဆုံး သွားခဲ့လေသည်။ဦးနှောက်သေဆုံးသွားသည့်လူနာတို့သည်အသက်ရှုခြင်း၊

နှလုံးခုန်ခြင်းတို့ကဲ့သို့လုပ်ငန်းများကိုသာမန်သတိလစ်မေ့မြောလူနာများတွင်၊လိုအလိုအလျောက်မဆောင်ရွက်နိုင်တော့ပေ။စက်ကိရိယာများ၏အကူအညီဖြင့်သာအသက်ဆက်နိုင်တော့သည်။သို့သော်ဦးနှောက်သေဆုံးခြင်း၏ဆိုးရွားသည့်အချက်မှာထိုသို့စက်ကိရိယာများအကူအညီဖြင့်အသက်ဆက်နိုင်သော်လည်းပြန်လည်ကောင်းမွန်လာနိုင်ခြင်းလုံးဝမရှိတော့ပေ။ထို့ကြောင့်ဦးနှောက်သေဆုံးသွားသူကိုသေလူအဖြစ်အမေရိကန်နိုင်ငံတွင်၊တရားဝင်သတ်မှတ်ထားသည်။သေဆုံးသူမိန်းကလေးကိုထိုသို့သောကစားနည်းတွင်ပါဝင်ဆော့ကစားဖို့အားပေးအားမြှောက်ပြုသည့်မည်သို့သောဗီဒီယိုများကိုမျှမတွေ့ရှိကြောင်းTikTok ဘက်ကပြောကြားသွားခဲ့သည်။

သို့သော်မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ရန်စေ့ဆော်မှု ဖြစ်စေနိုင်လောက်သည်များရှိမရှိကိုစုံစမ်းစစ်ဆေးနိုင်ရန်အာဏာပိုင်များကိုကူညီပေးလျက်ရှိသည်။အီတလီအစိုးရရှေ့နေများသည်ထိုဖြစ်စဉ်အတွက်အမှုဖွင့်စစ်ဆေးနေပြီးအာဏာပိုင်များကလည်းအသက်အရွယ်အတိအကျကိုအတည်မပြုနိုင်သည့်အသုံးပြုသူတို့ကိုTikTok ထဲသို့ဝင်ရောက်ကြည့်ရှုခွင့်အား၊

ဖေဖော်ဝါရီ(၁၅) ရက်နေ့အထိယာယီပိတ်သိမ်းလိုက်လေသည်။ကျွန်တော်တို့ဘာမှမသိခဲ့ပါဘူးဟူ၍သေသူ၏မိဘများကLa Repubblicaသတင်းစာကိုပြောကြားခဲ့သည်။သေသူ၏ညီမဖြစ်သူငါးနှစ်သမီးအရွယ်ကလေးကသတိလစ်တဲ့ကစားနည်းကစားတာ ဟုရှင်းပြမှသိခဲ့ရသည်ဟုဆိုသည်။

သူတို့ကသမီးဒါမျိုးကစားနေတာကျွန်တော်တို့မသိခဲ့ပါဘူး။အကတွေ၊ဗီဒီယိုတွေကြည့်ဖို့TikTok သုံးတယ်လို့ပဲသိခဲ့တာပါ။ဒီလောက်ယုတ်မာရက်စက်တဲ့လုပ်ရပ်မျိုးဘယ်လိုလုပ်ပြီးစိတ်ကူးမိမှာလဲဗျာ ဟူ၍ပြောကြားသွားခဲ့လေသည်။သေဆုံးသွားသောသမီးဖြစ်သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလှူဒါန်းရန်မိဘများကသဘောတူခဲ့သည်ဟုသိရှိရသည်။အီတလီနိုင်ငံကလေးသူငယ်ကာကွယ်ရေးကော်မရှင်၏ဥက္ကဋ္ဌဖြစ်သူLicia Ronzulliကလူမှုကွန်ယက်တွေဟာအကုန်လုံးကိုခွင့်ပြုထားတဲ့တောနက်ကြီးလိုဖြစ်လာလို့မရဘူး ဟူ၍ပြောသွားခဲ့သည်။

Credit ငြိမ်းနိုင်