Local News

သီလရှင်လေးတွေကို တစ်ရက်နှစ်သောင်းရအောင်အလှူခံလို့ မရရင် ပြန်မလာနဲ့ ဆိုတဲ့ သီလရှင်ကျောင်

သီလရှင်လေးတွေကို တစ်ရက်နှစ်သောင်းရအောင်အလှူခံလို့ မရရင် ပြန်မလာနဲ့ ဆိုတဲ့ သီလရှင်ကျောင်း

ကျောက်ဆည် ခြံထဲကအပြန် ခြံထဲမှာသစ်ပင် တွေကိုရေပေးဖို့ လုပ်ရင်းမိုးတော်တော်ချုပ်နေပါပြီ။ တံခွန်တိုင်းအဝိုင်းကိုပတ်ပြီး ၇၄လမ်း လမ်းသစ် ဖက်ကိုကွေ့ပြီးသိပ်မကြာခင်မှာ၈ နှစ်အရွယ်သီလရှင် လေးတစ်ပါး၅ နှစ်အရွယ်ခန့်သီလရှင်လေးတစ်ပါး စုစုပေါင်း နှစ်ပါး က လမ်းဘေးမှာ ငုတ်တုတ်လေးတွေ ထိုင်နေတာတွေ့လို့ သူတို့ကို ကျော်လာပြီးမှ ကားကိုနောက်ဆုတ်ပြီးအနားရောက်တော့ ကားအောက် ကိုဆင်းပြီး ဆရာလေးတို့ ဘယ်ကျောင်းကလဲ ဘယ်ကိုပြန်မှာလဲ ညရှစ်နာရီထိုးတော့မယ်၊ မိုးချုပ်နေပြီ၊ လာ ကားပေါ်တက် ဆိကိုယ်လည်းခေါ်လာပြီးမှဘာမှန်းလည်းမသိ ကြောက်တာနဲ့ မှန်တံခါးတွေအကုန်ချပြီး ဖြေးဖြေးမောင်းရင်းနဲ့ သူတို့ကို မေးခွန်းများမေးရင်းမောင်းလာပါတယ်။တံခွန်တိုင် မြောက်ဥယျာဉ် ရပ်က

သီလရှင် ကျောင်းကပါတဲ့။ နမ့်စန်မြို့က လာရောက် သီလရှင်ဝတ်ရတာပါဆိုတာရယ်၊ တစ်ရက်ကိုနှစ်သောင်းကျပ် ရအောင် အလှူခံပေး ရပါတယ်တဲ့။ အခု ငွေ လေးထောင်လောက်လိုလို့ မပြန်ရဲလို့ လမ်းဘေးမှာ ထိုင်နေရတာပါတဲ့။ကားကြုံ ဆိုင်ကယ်ကြုံ လိုက်စီးရင်လဲ ရိုက်ခံရပါတယ်တဲ့။ ကျမကတော့ သူတို့လိုနေတဲ့ ငွေလေးထောင်ကို လှူရင်းနဲ့၊ ဒီလိုလူမမယ်လေးတွေရဲ့ချွေးစက်တွေကို အခန့်သင့် စားသုံးရက်တဲ့ မြို့ကြီးပြကြီးမှာနေတဲ့ယဉ်ကျေးဟန်ဆောင်နေတဲ့ ဓားပြတွေ ကို စက်ဆုပ်စွာနဲ့ ဒီလိုဘဝက အမြန်လွတ်ကင်းပါစေ။ကလေးရယ် လို့ ရင်နာနာ နဲ့သူတို့ ကျောခိုင်းသွားတာကို အဝေး ရောက်တဲ့အထိ လှမ်းကြည့်နေရပါတော့တယ်။

Credit

Unicode

သီလရှင်လေးတွေကို တစ်ရက်နှစ်သောင်းရအောင်အလှူခံလို့ မရရင် ပြန်မလာနဲ့ ဆိုတဲ့ သီလရှင်ကျောင်း

ကျောက်ဆည် ခြံထဲကအပြန် ခြံထဲမှာသစ်ပင် တွေကိုရေပေးဖို့ လုပ်ရင်းမိုးတော်တော်ချုပ်နေပါပြီ။ တံခွန်တိုင်းအဝိုင်းကိုပတ်ပြီး ၇၄လမ်း လမ်းသစ် ဖက်ကိုကွေ့ပြီးသိပ်မကြာခင်မှာ၈ နှစ်အရွယ်သီလရှင် လေးတစ်ပါး၅ နှစ်အရွယ်ခန့်သီလရှင်လေးတစ်ပါး စုစုပေါင်း နှစ်ပါး က လမ်းဘေးမှာ ငုတ်တုတ်လေးတွေ ထိုင်နေတာတွေ့လို့ သူတို့ကို ကျော်လာပြီးမှ ကားကိုနောက်ဆုတ်ပြီးအနားရောက်တော့ ကားအောက် ကိုဆင်းပြီး ဆရာလေးတို့ ဘယ်ကျောင်းကလဲ ဘယ်ကိုပြန်မှာလဲ ညရှစ်နာရီထိုးတော့မယ်၊ မိုးချုပ်နေပြီ၊ လာ ကားပေါ်တက်ဆိကိုယ်လည်း ခေါ်လာပြီးမှဘာမှန်းလည်းမသိ ကြောက်တာနဲ့ မှန်တံခါးတွေအကုန်ချပြီး ဖြေးဖြေးမောင်းရင်းနဲ့ သူတို့ကို မေးခွန်းများမေးရင်းမောင်းလာပါတယ်။တံခွန်တိုင် မြောက်ဥယျာဉ် ရပ်က