Local News

အောက်ဆီဂျင်တွေ မတရားထိုးကျနေတဲ့ မိခင်ကို ဘယ်ဆေးရုံကမှ လက်မခံတာကြောင့် နောက်ဆုံးလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မင်းညီ

အောက်ဆီဂျင်တွေ မတရားထိုးကျနေတဲ့ မိခင်ကို ဘယ်ဆေးရုံကမှ လက်မခံတာကြောင့် နောက်ဆုံးလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မင်းညီလတ်တလောအခြေအနေမှာ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာဟာ အတော်လေးကို ဆိုးရွားနေပြီ

း အသက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ကျတဲ့ လူနာများကို ဆေးရုံ၊ဆေးခန်းများမှ လက်ခံကုသပေးလို့ အဆင်မပြေတာကြောင့်လည်း သေဆုံးသွားကြသူ ဦးရေ တစ်နေ့ထက်တစ်နေ့ များပြားနေတာ ဖြစ်ပါတယ်။အနုပညာလောကမှာလည်း စိတ်မကောင်းဖွယ်ရာ နာရေးသတင်းတွေကို နေ့စဉ်ကြားနေရတာ ဖြစ်ပါတယ်။ မနေ့က မနက် (၉) နာရီ အချိန်တွင် သရုပ်ဆောင် မင်းညီရဲ့ မိခင်ဟာ ( ၉၆ )ပါး ရောဂါဖြင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မင်းညီဟာ သူ့ရဲ့ မိခင် အသက်ရှင်ဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်  (၃၆) အထိ ထိုးကျနေတဲ့ မိခင်ကိုဆေးရုံတင်ဖို့ နေရာအနှံ့စုံစမ်းပြီး အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်  အဆင်မပြေသွားခဲ့ပါဘူး။ အားတင်းပြီး အသက်ရှုနေရတဲ့ မိခင်ကို ထိုင်ကြည့်နေရတဲ့အတွက် အရမ်းကို ခံစားရကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ယက်တွင်ဝမ်းနည်းစွာ ရေးသားထားပါတယ်။ နောက်ဆုံးတွဲရိုက်ခွင့်ရတဲ့ပုံတွေဖြစ်ခဲ့ပြီပေါ့မေမေ……မေမေ စိတ်ချရတဲ့သားအဖြစ် မေမေမြင်တွေ့သွားခဲ့တာ…သားဂုဏ်ယူမိပါတယ်မေမေ….သံသရာမှာ…မေမေနဲ့ နောက်တစ်ကြိမ် ပြန်ဆုံချင်ပါသေးတယ်မေမေရယ်…မေမေ့အတွက်တော့သားမပူပါဘူး…သားအတွက်လည်း  မေမေ မပူဘူးဆိုတာ…သားယုံပါတယ်…ကောင်းမွန်ရာဘုံတခုခုမှာ..စံစားနေပါတော့…မေမေရယ်…မေမေချစ်တဲ့…သားငယ်….လေး…23.7.2021..မနက် ၉ နာရီ တိတိ…မှာ သားနှစ်ယောက်အပေါ် တာဝန်ကျေစွာ…ပြုစုစောင့်ရှောက် ခဲ့ပြီး…သံသရာ ခရီး..ထွက်ခွာသွားသော…မေမေ….သို့…အမှတ်တရ…” ဆိုပြီ မိခင်ဖြစ်သူနဲ့နောက်ဆုံးရိုက်ထားတဲ့ ပုံလေးတွေကိုပါ ဝေမျှထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သရုပ်ဆောင် မင်းညီရဲ့ မိခင်ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း comment များတွင် ရေးသားထားကြပါတယ်။သရုပ်ဆောင် မင်းညီရဲ့ မိခင်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

Unicode

အောက်ဆီဂျင်တွေ မတရားထိုးကျနေတဲ့ မိခင်ကို ဘယ်ဆေးရုံကမှ လက်မခံတာကြောင့် နောက်ဆုံးလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မင်းညီလတ်တလောအခြေအနေမှာ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာဟာ အတော်လေးကို

 ဆိုးရွားနေပြီး အသက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ကျတဲ့ လူနာများကို ဆေးရုံ၊ဆေးခန်းများမှ လက်ခံကုသပေးလို့ အဆင်မပြေတာကြောင့်လည်း သေဆုံးသွားကြသူ ဦးရေ တစ်နေ့ထက်တစ်နေ့ များပြားနေတာ ဖြစ်ပါတယ်။အနုပညာလောကမှာလည်း စိတ်မကောင်းဖွယ်ရာ နာရေးသတင်းတွေကို နေ့စဉ်ကြားနေရတာ ဖြစ်ပါတယ်။ မနေ့က မနက် (၉) နာရီ အချိန်တွင် သရုပ်ဆောင် မင်းညီရဲ့ မိခငဟာ ( ၉၆ )ပါး ရောဂါဖြင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

မင်းညီဟာ သူ့ရဲ့ မိခင် အသက်ရှင်ဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်  (၃၆) အထိ ထိုးကျနေတဲ့ မိခင်ကိုဆေးရုံတင်ဖို့ နေရာအနှံ့စုံစမ်းပြီး အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်  အဆင်မပြေသွားခဲ့ပါဘူး။ အားတင်းပြီး အသက်ရှုနေရတဲ့ မိခင်ကို ထိုင်ကြည့်နေရတဲ့အတွက် အရမ်းကို ခံစားရကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ယက်တွင်ဝမ်းနည်းစွာ ရေးသားထားပါတယ်။နောက်ဆုံးတွဲရိုက်ခွင့်ရတဲ့ပုံတွေဖြစ်ခဲ့ပြီပေါ့မေမေမေမေ စိတ်ချရတဲ့သားအဖြစ် မေမေမြင်တွေ့သွားခဲ့တာ…သားဂုဏ်ယူမိပါတယ်မေမေ….သံသရာမှာ…မေမေနဲ့ နောက်တစ်ကြိမ် ပြန်ဆုံချင်ပါသေးတယ်မေမေရယ်မေမေ့အတွက်တော့သားမပူပါဘူး…သားအတွက်လည်း  မေမေ မပူဘူးဆိုတာ…သားယုံပါတယ်…ကောင်းမွန်ရာဘုံတခုခုမှာ..စံစားနေပါတော့…မေမေရယ်…မေမေချစ်တဲ့…သားငယ်….လေး…23.7.2021..မနက် ၉ နာရီ တိတိ…မှာ သားနှစ်ယောက်အပေါ် တာဝန်ကျေစွာ…ပြုစုစောင့်ရှောက် ခဲ့ပြီး…သံသရာ ခရီး..ထွက်ခွာသွားသော…မေမေ….သို့…အမှတ်တရ…” ဆိုပြီ မိခင်ဖြစ်သူနဲ့နောက်ဆုံးရိုက်ထားတဲ့ ပုံလေးတွေကိုပါ ဝေမျှထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သရုပ်ဆောင် မင်းညီရဲ့ မိခင်ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း comment များတွင် ရေးသားထားကြပါတယ်။သရုပ်ဆောင် မင်းညီရဲ့ မိခင်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit