Local News

အောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင် ထမင်း၊ ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းနေတဲ့ မင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာ

လက်ရှိကာလကြီးမှာ ပြည်သူတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ဝန်အားတွေနဲ့ အချင်းချင်း အားပေးကူညီ ဖေးမလှူဒါန်းနေကြတာ ဖြစ်ပါတယ်..။

ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်တွေ အရေးတကြီးလိုအပ်ပြီး ရှားပါးနေတဲ့ ကာလကြီးမှာ လူနာရှင်တွေဟာ အောက်ဆီဂျင်ရဖို့အရေး တနေကုန် တန်းစီကြိုးစားနေကြရတာ ဖြစ်ပါတယ်..အသက်ရှင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြရတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းထားရသလို ပရဟိတလူငယ်တွေရဲ့ ကူညီဖေးမမှုတွေကလည်း တကယ်ကိုခွန်အားတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်

အခုတစ်ခါမှာလည်း မင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာက အောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင် ထမင်း၊ ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်။မန္တလေးမြို့၊ (၃၆)လမ်း (၆၁)လမ်း၊ စိန်ဂျွန်းလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပြီး မင်းကွန်းသားလေး အောက်စီဂျင်အခမဲ့စင်တာက အောက်စီဂျင်တွေ အခမဲ့ဖြည့်ပေးတဲ့အပြင် နေ့လည်စာထမင်းဟင်း၊ ငှက်သိုက်၊ Royal D ၊ ရေသန့်ဗူးနဲ့ ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။အခုလို အဘက်ဘက်ကနေ ပြည်သူတွေအတွက် အင်အားဖြည့် ဖေးမကူညီနေတာကြောင့်အများပြည်သူကတော့ ဝမ်းသာစွာနဲ့ ချီးကျူးသာဓုခေါ်နေကြတာလည်း ဖြစ်ပါတယ်..။

Credit

Unicode