သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေပြုလုပ်ရင်း အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ကိုဗစ်ရောဂါအခြေအနေကြောင့်
ပြည်သူအများအပြားသေဆုံးနေကြရသလို ရောဂါကိုအံတုခုခံဖို့အတွက်လည်းအာဟာရဓာတ်လုံလုံလောက်လောက်မရကြတာကြောင့် အားပြတ်နေကြရတဲ့ ပြည်သူတွေလည်းဒုနဲ့ဒေးဖြစ်နေတာကို တွေ့ရပါတယ်။အိမ်လုံးကျွတ်ကိုဗစ်ကူးစက်ခံထားရတဲ့ မိသားစုတွေလည်းရှိလာနေပြီး ၎င်းတို့ရဲ့ စားရေးသောက်ရေးအဆင်ပြေစေဖို့အတွက် အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးနေကြတဲ့ စေတနာရှင်တွေကိုလည်းတွေ့ရပါတယ်။
မင်းသမီးချော ဆောင်းယွန်းစံဟာလည်း အခုလိုအာဟာရဓာတ်လိုအပ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ကြက်ပေါင်းအလှူလေးပြုလုပ်ပေးကာ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းနေတာကိုတွေ့ရပါတယ်။ကိုဗစ်ရောဂါဆိုးကြီးကို ခုခံဖို့အတွက်က အာဟာရဓာတ်ပြည့်၀နေဖို့ အဓိကလိုအပ်နေတာဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေလည်းစား၀တ်နေရေးကြပ်တည်းနေကြကာ အစာရေစာပြတ်လပ်မှုတွေဖြစ်ပေါ်နေကြတာပါ။အခုလိုအခြေအနေမျိုးမှာ အစားအသောက်
လှူဒါန်းပေးတဲ့ ဆောင်းယွန်းစံရဲ့စိတ်ထားလေးဟာလည်း အင်မတန်လေးစားဖို့ကောင်းပါတယ်နော်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit
Unicode
သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေပြုလုပ်ရင်း အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်
း မြန်မာနိုင်ငံရဲ့ကိုဗစ်ရောဂါအခြေအနေကြောင့် ပြည်သူအများအပြားသေဆုံးနေကြရသလို ရောဂါကိုအံတုခုခံဖို့အတွက်လည်းအာဟာရဓာတ်လုံလုံလောက်လောက်မရကြတာကြောင့် အားပြတ်နေကြရတဲ့ ပြည်သူတွေလည်းဒုနဲ့ဒေးဖြစ်နေတာကို တွေ့ရပါတယ်။အိမ်လုံးကျွတ်ကိုဗစ်ကူးစက်ခံထားရတဲ့ မိသားစုတွေလည်းရှိလာနေပြီး ၎င်းတို့ရဲ့ စားရေးသောက်ရေးအဆင်ပြေစေဖို့အတွက် အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးနေကြတဲ့ စေတနာရှင်တွေကိုလည်းတွေ့ရပါတယ်။