Local News

ကားပေါ်က အောက်ဆီဂျင်အိုးတွေချနေတဲ့အချိန် ကားကိုခိုးယူမောင်းပြေးသွားလို့ ပြည်သူတွေကို အကူအညီတောင်းထံလာတဲ့ နွယ်ဒါလီထွန်း

ပြန့်ပွားကူးစက်မှုတွေ ဆိုးရွားနေတဲ့ Covid 19 ရောဂါကြောင့် ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးမှု များပြားနေတာကြောင့် ပြည်သူတွေက အချင်းချင်း ကူညီဖေးမနေကြတာ ဖြစ်ပါတယ်။လက်ရှိကာလတွေမှာ

စာနာမှုတွေနဲ့ ဖေးမကူညီနေတဲ့ ပရဟိတလူငယ်တွေ ရှိကြသလို ကိုယ်ကျိုးစီးပွားအတွက် အခြားလူအသက်တွေကို လောင်းကြေးထပ်ပြီး လိမ်ညာနေကြတဲ့ မသမာသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။

အခုတစ်ခါမှာလည်း မြေနီကုန်း၊ ရှမ်းကုန်းလမ်းမှာ ကားပေါ်က အောက်ဆီဂျင်အိုးတွေချနေတဲ့အချိန် ကားကိုခိုးယူမောင်းပြေးသွားတဲ့အကြောင်း သရုပ်ဆောင်နွယ်ဒါလီထွန်းက ပြောပြလာပါတယ်။ကားအမျိုးအစားကတော့ Suzuki အနက်ရောင်၊

ကားနံပါတ် YGN- 1Q/1697 ဖြစ်ပြီး ငွေသား (၁၅) သိန်းနဲ့ ဝယ်ထားတဲ့ ဆေးတွေ ကားပေါ်ပါသွားတာကြောင့် ကားကိုတွေ့ရင် ဆက်သွယ်ပေးကြဖို့ ပြည်သူတွေကို အကူအညီတောင်းခံလာတာ ဖြစ်ပါတယ်။“ယနေ့နေ့လည်က ကားပေါ်က အောက်ဆီဂျင်အိုးတစ်ချို့ချနေရင်း ကားကိုခိုးယူမောင်းပြေးသွားတာမလို့ ဒီကားကိုတွေ့ရင် ကျနော်တို့ကိုဆက်သွယ်ပေးကြပါ။မြေနီကုန်း၊ ရှမ်းကုန်းလမ်းမှာ ဖြစ်သွားတာပါ။ငွေသား (၁၅) သိန်းရယ် ဝယ်ထားတဲ့ ဆေးတွေရယ်ကားပေါ်ပါသွားပါတယ်။ကျေးဇူးပြုပြီး Share ပေးပါခင်ဗျာ။ ကားနံပါတ် YGN- 1Q/1697 Suzuki အမျိုးအစား အနက်ရောင်ဖြစ်ပါတယ်။” ဆိုပြီး ပို့စ်တင်ကာ အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဒီကာလကြီးမှာ အခုလိုလုပ်တဲ့မသမာသူတွေကို အပြင်းအထန်ရှုံ့ချထားပြီး အမြန်ဆုံးပြန်တွေ့ဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

Credit

Unicode

ပြန့်ပွားကူးစက်မှုတွေ ဆိုးရွားနေတဲ့ Covid 19 ရောဂါကြောင့် ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးမှု များပြားနေတာကြောင့် ပြည်သူတွေက အချင်းချင်း ကူညီဖေးမနေကြတာ ဖြစ်ပါတယ်။လက်ရှိကာလတွေမှာ

စာနာမှုတွေနဲ့ ဖေးမကူညီနေတဲ့ ပရဟိတလူငယ်တွေ ရှိကြသလို ကိုယ်ကျိုးစီးပွားအတွက် အခြားလူအသက်တွေကို လောင်းကြေးထပ်ပြီး လိမ်ညာနေကြတဲ့ မသမာသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။အခုတစ်ခါမှာလည်း မြေနီကုန်း၊ ရှမ်းကုန်းလမ်းမှာ ကားပေါ်က အောက်ဆီဂျင်အိုးတွေချနေတဲ့အချိန် ကားကိုခိုးယူမောင်းပြေးသွားတဲ့အကြောင်း သရုပ်ဆောင်နွယ်ဒါလီထွန်းက ပြောပြလာပါတယ်။ကားအမျိုးအစားကတော့ Suzuki အနက်ရောင်၊