Local News

လူ့လောကထဲကိုရောက်တာ (၂)ရက်ပဲရှိသေးပေမယ့် အရေးပေါ်အောက်ဆီဂျင် လိုအပ်နေရှာတဲ့ မွေးကင်းစကလေးငယ်လေးရဲ့အဖြစ်

လူ့လောကထဲကိုရောက်တာ (၂)ရက်ပဲရှိသေးပေမယ့် အရေးပေါ်အောက်ဆီဂျင် လိုအပ်နေရှာတဲ့ မွေးကင်းစကလေးငယ်လေးရဲ့အဖြစ်အခုချိန်မှာတော့ ပြည်သူတွေက စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားကနေ အောက်ဆီဂျင်ရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။အောက်ဆီဂျင်တစ်အိုးရဖို့အတွက် မနက်အစောကြီးထပြီး အလုအယက် တန်းစီစောင့်ဆိုင်းရတဲ့အဖြစ်တွေလည်း ကြုံလာရပြီ ဖြစ်ပါတယ် ။ဒါ့အပြင် အောက်ဆီဂျင်ကျတဲ့ ကိုဗစ်လူနာတွေဆိုရင် အောက်ဆီဂျင် အချိန်မီမရလိုက်တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးသွားခဲ့ရတဲ့အဖြစ်တွေကလည်း တကယ့်ကို ရင်နင့်ကြွေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။အခုလည်း အောက်ဆီဂျင်အရေးပေါ် လိုအပ်နေတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံထားတာ တွေ့ရပါတယ်။သူကတော့ လူ့လောကထဲကိုရောက်တာ (၂)ရက်သာရှိသေးတဲ့ မွေးကင်းစကလေးငယ်လေးအတွက် အောက်ဆီဂျင်ရှာဖွေနေတာပဲ ဖြစ်ပါတယ် ။နို့လည်းမစို့သလို ငိုလည်းမငိုတဲ့ ဒီကလေးလေးက အခုချိန်မှာ အောက်ဆီဂျင် လုံလုံလောက်လောက် ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။ယခုလက်ရှိမှာတော့ ဒီကလေးလေးကို၊မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရှိ သရက်ဆေးရုံမှာ တင်ထားရတာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း မွေးကင်းစအရွယ်လေးနဲ့ ဒုက္ခရောက်နေတဲ့၊ကလေးလေးရဲ့အဖြစ်ကိုကြည့်ပြီး သနားကရုဏာသက်မိတာကြောင့် အောက်ဆီဂျင်အိုးရဖို့အတွက် ဝိုင်းဝန်းကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။အောက်ဆီဂျင်လိုအပ်နေတဲ့ (၂)ရက်သား ကလေးငယ်လေးအတွက် ကူညီပေးနိုင်မယ့်သူများရှိရင် ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းနံပါတ်ကိုပါ ဖော်ပြထားတာ လည်း တွေ့ရပါတယ်။

Credit

Unicode