Local News

အလှူရှင်တွေပေးတဲ့ ထမင်းဗူးကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ အဆင်ပြေသလို စားနေကြရတဲ့ ပရဟိတသူရဲကောင်းများ

ကိုဗစ်ရောဂါကူးစက်မှု နှုန်းတွေကလည်း မြန်နေသလို သေဆုံးသူတွေလည်း တစ်နေ့တစ်နေ့ လျော့သွားတယ် မရှိပါဘူး ။ တာဝန်ယူ ကုသပေးမယ့် အဖွဲ့အစည်းတွေ ၊ နေရာတွေ မရှိလို့ ပြည်သူတွေခမျာ အတော်လေး အခက်ကြုံနေရပါတယ် ။ဒီလိုအချိန်မှာ ပြည်သူတွေကို အခကြေးငွေမယူဘဲ စေတနာအပြည့်နဲ့ ထိပ်ဆုံးက ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ ကိုဗစ်ရောဂါနဲ့ ပတ်သတ်သမျှ ကိစ္စအဝဝကို နေ့ရော ၊ ညရော ဆောင်ရွက်ပေးနေကြတာပါ ။ဒါ့အပြင် ခုဆို ကိုဗစ်ကြောင့် သေဆုံးသူတွေ အရမ်းများတာကြောင့် အလောင်းတွေကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်ရသလိုမီးသင်္ဂြိုဟ်မယ့် နေရာရောက် င်လည်း အလောင်းတွေ များလွန်းတာကြောင့် မိုးချုပ်ထိ PPE ဝတ်စုံတွေကို ပူလောင်စွာဝတ်ပြီး မြေကြီးပေါ်မှာ လှဲအိပ်ရင်း စောင့်နေကြတဲ့ မြင်ကွင်းတွေက တကယ်ကို စိတ်မကောင်းစရာတွေပါ ။အခုလည်း အလှူရှင်တွေ လှူဒါန်းပေးတဲ့ ထမင်းဗူးတွေကို မစားခင် ဆုတောင်းပေးရင်း သုသာန်မှာပဲ ဖြစ်သလို မြေကြီးပေါ်မှာ ထိုင်စားနေရတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ဒီပုံရိပ်တွေကပဲ ပြည်သူတွေရဲ့ ရင်ကို ထိမှန်စေခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ကိုယ်ကျိူးစွန့်ကာ လုပ်ဆောင်နေကြတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Credit

Unicode