ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ကိုဗစ်Third waveရဲ့အရှိန်ကြောင့်မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီးအနုပညာရှင်အချို့လည်းကူးစက်ခံနေရကာအသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ကိုဗစ်ကြောင့်သေဆုံးရတဲ့ပြည်သူချစ်အနုပညာရှင်ကြီးတွေလည်း တစ်နေ့တခြားများပြားလာနေပြီးအောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အများစုမှာသေဆုံးနေကြရတာတွေ့ရပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းကလည်းမန္တလေးကနိုင်ငံကျော်ဆိုင်းပညာရှင်ကြီးထပ်ဆင့်အကယ်ဒမီစိန်မွတ္တားဟာကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့်ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ ICUခန်းထဲရောက်ကာဆေးကုသမှုခံယူခဲ့ပေမယ့်ပြင်းထန်တဲ့ရောဂါအရှိန်ကြောင့်ဒီကနေ့ဇူလိုင်လ၂၄ရက်နေ့မနက်ပိုင်းမှာဆုံးပါးသွားခဲ့တယ်လို့သိရပါတယ်။
စိန်မွတ္တားဟာပန်းဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြီးနဲ့ကိုးဆယ်ဆသာလိမ့်မယ်ရုပ်ရှင်ဇာတ်ကားကြီးတို့မှာအကောင်းဆုံးတေးဂီတဆုအနေနဲ့အကယ်ဒမီဆုကြီးကိုရရှိခဲ့တဲ့ပညာရှင်ကြီးတစ်ယောက်ပါ။အခုလိုအဖိုးတန်လှတဲ့အနုပညာရှင်ကြီးတစ်ယောက်ဆုံးရှုံးရခြင်းဟာ အင်မတန်နှမြောစရာကောင်းလှပါတယ်။ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Credit
Unicode