Local News

နေမကောင်းဖြစ်ပြီးခံတွင်းပျက်နေကြတဲ့သူတွေအတွက် ငါးပိရည်နဲ့တို့စရာတွေကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းခဲ့တဲ့ ဘေဘီမောင်

သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှုတွေ တက်နိုင်သလောက်ပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တစ်တပ်တစ်အားပါဝင်ပြီး ပြည်သူတွေနဲ့အတူ

ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအပြင် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ ပြည်သူတွေအတွက် ဖေးမကူညီ လှူဒါန်းနေတာလည်း တွေ့ရပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ဘေဘီမောင်ဟာ ကျန်းမာရေးချို့တဲ့ကာ ၁၁ရက်လောက်နေမကောင်းဖြစ်နေခဲ့တယ်လို့သိရပါတယ်။အလူးအလဲခံစားခဲ့ရပြီး သေခါနီးဆဲဆဲဖြစ်တဲ့အထိ အတော်လေးနေမကောင်းဖြစ်နေခဲ့တဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာတွေ့ရပါတယ်။အခုလိုကျန်းမာရေးချို့တဲ့ခဲ့ပြီးနောက် နလံပြန်ထူလာတဲ့အချိန်မှာ ဘေဘီမောင်ကအနီးနားပတ်၀န်းကျင်ကသူတွေအတွက် ကြက်သားဆန်ပြုတ် ၅ရက်တိတိလှူဒါန်းခဲ့ပြီး အခုတစ်ခါမှာလည်း ငါးပိရည်နဲ့တို့စရာဗန်းတွေလှူဒါန်းပြန်တာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုလည်း ဘေဘီမောင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “နေမကောင်းဖြစ်ပြီး ခံတွင်းပျက်နေတဲ့ ဘေဘီကိုချစ်တဲ့ဘေဘီကချစ်ရတဲ့မိတ်ဆွေများအတွက် ဘေဘီကြိုက်တဲ့

ငပိရည်ကျိုလေးနဲ့တို့စရာလေးခံတွင်းတွေ့ပြီး ထမင်းစားကောင်းကြပါစေရှင့်ငွေထက်တန်ဖိုးကြီးတဲ့မေတ္တာစေတနာငပိရည်ဗန်းလေး.” ဆိုပြီးရေးသားကာ မျှဝေပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။Credit

Unicode