Local News

အားရပါးရ ပြုံးလိုက်ပါ အမေ (အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့ သားသမီးတွေအတွက်)

အားရပါးရ ပြုံးလိုက်ပါ အမေ (အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့ သားသမီးတွေအတွက်)အမေသက္ကလရေကြည် သန္ဓေတည်ထဲက ပူ ငံ စပ် ခါး ၊ ရှောင်ရှားရင်းဖြင့် ကိုးလလွယ် ဆယ်လမွေးပေးခဲ့လို့ကျေးဇူးတော် အနန္တပါ အမေ။ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်မှလူလားမြောက်တဲ့ အရွယ်အထိသားသမီးတွေရဲ့ ဘဝခရီးလမ်းအစဉ်ထာဝရ ဘေးမသမ်းပဲ အေးချမ်းစေဘို့မညှိုးနွမ်းတဲ့ မေတ္တာတွေနဲ့ ပေးဝေခဲ့လို့ ရှိခိုးဦးခိုက်ပါတယ်အမေ။ငယ်စဉ်တောင်ကျေး ကလေးဘဝကအမေ့မေတ္တာတွေ မခံယူတတ်ဘူးအဖေမရှိသည့်နောက် သားသမီးတွေကိုပင်ပန်းကြီးစွာ ပျိုးထောင်ခဲ့တဲ့အမေ့စေတနာတွေ နားမလည်ခဲ့ဘူး။တောင်းပန်ပါတယ် အမေသားသမီးတွေ ပျော်ရွှင်နေရင်ပြုံးနေတတ်တဲ့ အမေ့မျက်နှာလေးသားသမီးတွေ အောင်မြင်နေရင်နေတတ်တဲ့ အမေ့ရုပ်သွင်လေးအမေ့မျက်ရည်တွေ မြင်ခဲ့တုန်းကဘာမှမဖြစ်သလို နေခဲ့မိလို့ တောင်းပန်တယ် ။နားလည်ပါပြီ အမေအမေပျော်နေရင် ကျနော်ပြုံးတတ်ပြီအမေပြုံးနေသ၍ ကျနော် မရှုံးဘူး အမေ ။မိုနာလီဇာပြုံးလို့ လှတာမလှတာကျနော် မသိဘူးအမေပြုံးတဲ့အပြုံးကကျနော့်ကမ္ဘာမှာ အလှဆုံးပဲ ။ဥမ္မာဒန္တီ ချောလှတဲ့အကြောင်းပြောပြမနေနဲ့ ကျနော်မသိဘူးသွန်သင်ဆုံးမ ပြောပြတတ်တဲ့

အမေ့ရုပ်ရည်က အချောအလှဆုံးပဲ ။ပပဝတီဂုဏ်သတင်း ခုနှစ်ဆောင်ပြိုင်မီးမထွန်းပဲ လင်းတာမလင်းတာ ကျနော်မသိဘူးအမေနမ်းတဲ့ ပါးတစ်ဖက်ကျနော့် အနာဂတ်တွေ လင်းလက်စေတယ် ။အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့သားသမီးတွေအတွက်အားရပါးရ ပြုံးလိုက်ပါ အမေမိုနာလီဇာရှုံးမယ့် အပြုံးမျိုးအောင်နိုင်သူတို့ ပြုံးတဲ့အပြုံးမျိုး ကမ္ဘာကုန်ကျယ်သ၍ မရှုံးတဲ့ အပြုံးမျိုးအားရပါးရ ပြုံးလိုက်စမ်းပါ။

Credit

Zawgyi

အားရပါးရ ပြုံးလိုက်ပါ အမေ (အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့ သားသမီးတွေအတွက်)အမေသက္ကလရေကြည် သန္ဓေတည်ထဲက ပူ ငံ စပ် ခါး ၊ ရှောင်ရှားရင်းဖြင့် ကိုးလလွယ် ဆယ်လမွေးပေးခဲ့လို့ကျေးဇူးတော် အနန္တပါ အမေ။ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်မှလူလားမြောက်တဲ့ အရွယ်အထိသားသမီးတွေရဲ့ဘဝခရီးလမ်းအစဉ်ထာဝရ ဘေးမသမ်းပဲအေးချမ်းစေဘို့မညှိုးနွမ်းတဲ့ မေတ္တာတွေနဲ့ ပေးဝေခဲ့လို့ ရှိခိုးဦးခိုက်ပါတယ်အမေ။ငယ်စဉ်တောင်ကျေး ကလေးဘဝကအမေ့မေတ္တာတွေ မခံယူတတ်ဘူးအဖေမရှိသည့်နောက် သားသမီးတွေကိုပင်ပန်းကြီးစွာ ပျိုးထောင်ခဲ့တဲ့အမေ့စေတနာတွေ နားမလည်ခဲ့ဘူး။တောင်းပန်ပါတယ် အမေသားသမီးတွေ ပျော်ရွှင်နေရင်ပြုံးနေတတ်တဲ့ အမေ့မျက်နှာလေးသားသမီးတွေ အောင်မြင်နေရင်နေတတ်တဲ့ အမေ့ရုပ်သွင်လေးအမေ့မျက်ရည်တွေ မြင်ခဲ့တုန်းကဘာမှမဖြစ်သလို နေခဲ့မိလို့ တောင်းပန်တယ် ။နားလည်ပါပြီ အမေအမေပျော်နေရင် ကျနော်ပြုံးတတ်ပြီအမေပြုံးနေသ၍ကျနော် မရှုံးဘူး အမေ ။မိုနာလီဇာပြုံးလို့ လှတာမလှတာကျနော် မသိဘူးအမေပြုံးတဲ့အပြုံးကကျနော့်ကမ္ဘာမှာ အလှဆုံးပဲ ။ဥမ္မာဒန္တီ ချောလှတဲ့အကြောင်းပြောပြမနေနဲ့ ကျနော်မသိဘူးသွန်သင်ဆုံးမ ပြောပြတတ်တဲ့အမေ့ရုပ်ရည်က အချောအလှဆုံးပဲ ။ပပဝတီဂုဏ်သတင်း ခုနှစ်ဆောင်ပြိုင်မီးမထွန်းပဲ လင်းတာမလင်းတာ ကျနော်မသိဘူးအမေနမ်းတဲ့ပါးတစ်ဖက်ကျနော့် အနာဂတ်တွေ လင်းလက်စေတယ် ။အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့သားသမီးတွေအတွက်အားရပါးရ ပြုံးလိုက်ပါ အမေမိုနာလီဇာရှုံးမယ့် အပြုံးမျိုးအောင်နိုင်သူတို့ ပြုံးတဲ့အပြုံးမျိုး ကမ္ဘာကုန်ကျယ်သ၍ မရှုံးတဲ့ အပြုံးမျိုးအားရပါးရ ပြုံးလိုက်စမ်းပါ။

Credit