Local News

နေမကောင်းတဲ့မိခင်ဖြစ်သူအတွက် အန္တရာယ်တွေကြားက မုန့်ဖက်ထုပ်ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်

လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့အတွက်တောင် အတော်လေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုးကြောင့် အများပြည်သူတွေမှာ ကူးစက်ရောဂါရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာလုပ်ကိုင်စားသောက်နေကြရတာတွေလည်း ရှိပါတယ်။အခုတစ်ခါမှာလည်း ကပ်ရောဂါအန္တရာယ်တွေကြားက (၁၁)နှစ်အရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူမကောင်းတဲ့အတွက် အရွယ်လေးနဲ့ မလိုက်အောင် မုန့်ဖက်ထုပ်ရောင်းကာရုန်းကန်ကြိုးစားနေရတာ တွေ့ရပါတယ်(၁၁)နှစ်အရွယ် အဆိုပါ ကလေးငယ်လေးဟာ မြောက်ဒဂုံ၊ ပင်လုံလမ်းမကြီးဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက်ထုပ်ရောင်းနေတာ ဖြစ်ပါတယ်(၁၁)နှစ်ပြည့်မယ့် မနက်ဖြန်မွေးနေ့လေးမှာ ကိတ်မုန့်လေးခွဲ ကြာဇံကြော်လေးစားချင်ပေမယ့် အမေကဖျားနေတာကြောင့် ဒီနှစ်မှာတော့ ကိတ်မခွဲပါနဲ့တော့သားရယ် ဆိုလို့ ကိုယ်တိုင် စက်ဘီးစီး ဈေးထွက်ရောင်းနေရတာ ဖြစ်ပါတယ။သူ့အရွယ်လေးနဲ့ စက်ဘီးကကြီးပြီး လမ်းကရေချိုင့်ကလည်းမြင့်တာကြောင့် ကိုယ်လုံးသေးသေးနဲ့ မှောက်တော့မလိုဖြစ်နေတာကြောင့်ကိတ်လေးခွဲပါစေတော့ဆိုပြီး ပိုက်ဆံလေးနဲ့ Mask တစ်ထုပ်ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေရှာတယ်လို့ စေတနာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြထားပါသေးတယ်။

Credit Original upload

Unicode

လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့အတွက်တောင် အတော်လေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါဆိုးကြောင့် အများပြည်သူတွေမှာ ကူးစက်ရောဂါရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာလုပ်ကိုင်စားသောက်နေကြရတာတွေလည်း ရှိပါတယ်အခုတစ်ခါမှာလည်း ကပ်ရောဂါအန္တရာယ်တွေကြားက (၁၁)နှစ်အရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူမကောင်းတဲ့အတွက် အရွယ်လေးနဲ့ မလိုက်အောင် မုန့်ဖက်ထုပ်ရောင်းကာ ရုန်းကန်ကြိုးစားနေရတာ တွေ့ရပါတယ်(၁၁)နှစ်အရွယ် အဆိုပါ ကလေးငယ်လေးဟာ မြောက်ဒဂုံ၊ ပင်လုံလမ်းမကြီးဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက်ထုပ်ရောင်းနေတာ ဖြစ်ပါတယ်(၁၁)နှစ်ပြည့်မယ့် မနက်ဖြန်မွေးနေ့လေးမှာ ကိတ်မုန့်လေးခွဲ ကြာဇံကြော်လေးစားချင်ပေမယ့် အမေကဖျားနေတာကြောင့် ဒီနှစ်မှာတော့ ကိတ်မခွဲပါနဲ့တော့သားရယ် ဆိုလို့ ကိုယ်တိုင် စက်ဘီးစီး ဈေးထွက်ရောင်းနေရတာ ဖြစ်ပါတယ။သူ့အရွယ်လေးနဲ့ စက်ဘီးကကြီးပြီး လမ်းကရေချိုင့်ကလည်းမြင့်တာကြောင့် ကိုယ်လုံးသေးသေးနဲ့ မှောက်တော့မလိုဖြစ်နေတာကြောင့်ကိတ်လေးခွဲပါစေတော့ဆိုပြီး ပိုက်ဆံလေးနဲ့ Mask တစ်ထုပ်ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေရှာတယ်လို့ စေတနာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြထားပါသေးတယ်။

Credit Original upload