Local News

နိုင်ငံ​ပေါင်း ၁၆ ခုမှ သံအမတ်ကြီးများက ကြေညာ ချက်ထုတ်ပြန်

ထောင်တွင်း သပိတ်​မှောက် ​တောင်းဆိုမှုများနှင့်ပတ်သက်ပြီး နိုင်ငံ​ပေါင်း ၁၆ ခုမှ သံအမတ်ကြီးများက ​​အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်သည်။ထောင်အတွင်းလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်း မွန်စွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိသော ကြောင့် ရန်ကုန်အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများကဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်းမိမိတို့သိရှိရပါသည်။ ဤအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန်၊ယင်းထောင်နှင့် အခြားထောင်များအတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးအတွက်ကောင်းမွန်သော ..ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို မိမိတို့တိုက်တွန်းပါသည်။ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေသောအ​​ခြေအနေကို မိမိတို့အနီးကပ်စောင့်ကြည့်နေပါသည်။ဤကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏သံရုံးများဖြစ်ကြသော ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

Credit

Unicode